"သင်္ခါရသဘောတရားကိုမလွဲမသွေ ရင်ဆိုင်ရမည့်နည်းတူ သင်ကြောက်ရွံ့သောအမှုကိစ္စကို ပြီးမြောက်အောင်လုပ်ပါ။လုပ်ဖြစ်အောင်လုပ်ပါ။"
စိတ်ဟူသည် ကန့်သတ်ခြင်းခံရသော စိတ္တဇနမ်ဖြစ်ပါသည်။ စိတ်သည်တစ်ကြိမ်လျှင် တခုသာ စဉ်းစားနိုင်သည်။ စိတ်ဝင်စားနိုင်သည်။လှုပ်ရှားစေနိုင်သည်။အကယ်၍ မိမိစိတ်ကို မိမိနိုင်၍ မိမိလုပ်ရမည့်အလုပ်ကို မိမိလုပ်နိုင်ရမည်ဟု စိတ်ထားလျှင် ထိုအလုပ်ကို အောင်မြင်ရမည်။ကြောက်စိတ်တို့ လွင့်သွားရမည်။ရဲစိတ်တို့ တိုးပွားလာရမည်။အဘယ်ကြောင့်ဆိုသော် ကြောက်ရွံ့ခြင်းဆိုသည်မှာ မူလက မရှိ။စိတ်ကဖြစ်ပေါ်လာရခြင်းဖြစ်သည်။စိတ်သည် တစ်ကြိမ်လျှင် တစ်ခုသာ ထိန်းကျောင်းနိုင်သည်။ ရဲစိတ်ဝင်လာလျှင် ကြောက်စိတ်မပေါ်နိုင်တော့ချေ။
Monday, January 4, 2010
Subscribe to:
Post Comments (Atom)
No comments:
Post a Comment