Wednesday, January 27, 2010

ဤခရီး နီး၏....

ကျပ်ပြေးမှာမို့
အရပ်ဝေးပါတယ် ဆိုပြီး
အပြတ်တွေးမထားနဲ့ ကိုယ့်လူ...

ငါတကော တွက်နေသူတွေ
ကာရန်နဘေနဲ့ လိုက်ဖက်
"ရွှေတကော" ဘက်လည်း ရောက်နိုင်တယ်...

အနေဝေးပေမယ့်
အဖြေကို ပြေးကြည့်တဲ့အခါ
"ရေဝေး" မှာလည်း ဖြစ်နိုင်တယ်...

လိမ်ကွက်တွေဆင်
လိမ်ဆင်တွေသုံးနေရင်း
ကြမ္မာလေ တချက်အဝှေ့
"ထိန်ပင်" ဘက်ကိုလည်း ရွေ့နိုင်တယ်...

ကျပ် ပြေး မှာ မို့...
အ ရပ် ဝေး ပါ တယ် ဆို ပြီး...
အ ပြတ် တွေး မ ထား နဲ့ နော်... ကိုယ့်လူ


ကိုလူထွေး ရိသည်

No comments: